Unitarian Universalist Service Committee သည် အခြေခံလူတန်းစား ပူးပေါင်းဆောင်ရွက်မှုများဖြင့် လူ့အခွင့်အရေးကို မြှင့်တင်ပေးပါသည်။
AyiboPost

တည်နေရာ- Port-au-Prince, Quest, ဟေတီနိုင်ငံ
၂၀၁၄ ခုနှစ်တွင် ဖန်တီးထားသော AyiboPost သည် ပြည်တွင်း နှင့် ပြည်ပရှိ ဟေတီလူမျိုးများအကြား သတင်းအချက်အလက်များကို ပေါင်းကူးဖြည့်ဆည့်ပေးရန်အတွက် သတင်းစာပညာကို အသုံးပြုရန် ရည်ရွယ်သည့် အဖွဲ့အစည်းတစ်ခု ဖြစ်သည်။ AyiboPost သည် ပြည်ပရောက် ဟေတီလူမျိုးအဖွဲ့ဝင်များအတွက် ၎င်းတို့၏အသံများကို ကြားနိုင်ရန် နှင့် ပြည်တွင်းရှိ ဟေတီလူမျိုးများ၏ မျက်မြင်ဖြစ်ရပ်များကို ပြည်ပရောက်၎င်းတို့လူမျိုးများထံ သတင်းပေးအကြောင်းကြားရန် ပလက်ဖောင်းတစ်ခုကို ပံ့ပိုးပေးသည်။ ၎င်းတို့၏ ရည်မှန်းချက်မှာ နိုင်ငံရေးနှင့် ထိတွေ့မှု ရှိပြီး ပိုမိုကောင်းမွန်သော ဆုံးဖြတ်ချက်များချနိုင်သည့် ပိုမိုအသိပညာပြည့်ဝသော လူမှု့အသိုင်းအဝိုင်းတစ်ခုကို ထိန်းသိမ်းစောင့်ရှောက်ရန် ဖြစ်သည်။
ဟေတီသည် စီးပွားရေး နှင့် နိုင်ငံရေးအကျပ်အတည်းများနှင့် အလွန်အမင်းတွေ့ကြုံနေရချိန်တွင်၊ အမေရိကန်၏ မူဝါဒများကို ပုံဖော်ရန် နှင့် ပြည်တွင်း၊ ပြည်ပဟေတီလူမျိုးများ ရင်ဆိုင်နေရသည့် ပြဿနာများကို လျှော့ချရန်တို့အတွက် ဟေတီရှိ အခြေအနေကို ပိုမိုနားလည်ရန် ပြည်ပရောက်ဟေတီလူမျိုးများအတွက် အရေးကြီးသည်။
UUSC ၏ပံ့ပိုးမှုဖြင့်၊ AyiboPost သည် အမေရိကန်နိုင်ငံရှိ ပြည်ပရောက်ဟေတီလူမျိုးများအတွက် လူကိုယ်တိုင်ဖြစ်စေ၊ အွန်လိုင်း အစည်းအဝေးပွဲများဖြင့်ဖြစ်စေ၊ ပြင်သစ် နှင့် ဟေတီ နှစ်ဘာသာနှော အကြောင်းအရာများကို အင်္ဂလိပ်သို့ ဘာသာပြန်ခြင်းဖြင့်ဖြစ်စေ သတင်းစာဆန်သည့် အကြောင်းအရာများကို ထုတ်ပေးရန် စီစဉ်ပေးသည်။
ဓာတ်ပုံ ခရက်ဒစ်- AyiboPost